ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် ၃/၂၀၂၄ ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မကွေး၊ ဩဂုတ် ၇ ရက်

၇-၈-၂၀၂၄ ရက်နေ့ နေ့လယ် (၃:၀၀) နာရီအချိန်တွင် မကွေးပညာရေး ဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် မကွေးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် ၃/၂၀၂၄ ဖွင့်ပွဲ အခမ်းအနား သို့   မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ မကွေးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်မြင့်လှိုင်၊ ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိဆရာ၊ ဆရာမများ  သင်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ၊  သက်ဆိုင် ရာ ဘာသာရပ်အလိုက် သင်တန်းပို့ချမည့် ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိများ၊ လက်ထောက် တိုင်းဒေသကြီး ဥပဒေအရာရှိများ စုစုပေါင်းအင်အား (၃၅၀) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကို ၇-၈-၂၀၂၄ ရက်နေ့မှ  ၁၀-၈-၂၀၂၄ ရက်နေ့အထိ ၄ ရက်တာ ဖွင့်လှစ်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သော ဥပဒေများကို ပို့ချခဲ့ပါသည်။ သင်တန်းဝင် ဆန်းစစ်ချက်နှင့် သင်တန်းဆင်း ဆန်းစစ်ချက်များကို ဖြေဆိုစေခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့ ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားကို ၁၀-၈-၂၀၂၄ ရက်နေ့ နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် မကွေး ပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)