မကွေး၊ ဩဂုတ် ၃၀ ရက်

နိုင်ငံတော်အကြီးအကဲ၏ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လမ်းညွှန် မှာကြားချက်၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ်၏ ထပ်ဆင့်လမ်းညွှန်ချက်နှင့်အညီ မကွေးတိုင်းဒေသကြီးဥပဒေ ချုပ်ရုံးရှိ ရုံးစာကြည့်တိုက်မှ ဥပဒေစာအုပ် များကို သေချာစွာ စနစ်တကျထိန်းသိမ်းထားရှိရန် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ ၁၄-၅-၂၀၂၄ ရက်စွဲပါ ရုံးအမိန့်စာအမှတ် ၆၀/၂၀၂၄ ဖြင့် ဒုတိယ တိုင်းဒေသကြီးဥပဒေအရာရှိအား အဖွဲ့ခေါင်းဆောင် ခန့်အပ်၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အဆိုပါအဖွဲ့က စာကြည့်တိုက်အခန်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ အခန်းကန့်ခြင်း၊ ခန်းဆီးလိုက်ကာများ လဲလှယ် ခြင်း၊ ဟောင်းနွမ်း နေသော သစ်သားဗီရိုများအစား အလူမီနီယံဗီရိုများ ပြောင်းလဲခြင်း၊ စာကြည့်တိုက် ဆိုင်းဘုတ် ပြုလုပ်ကပ်ထားခြင်း၊ စာကြည့်တိုက် စည်းကမ်းချက်များအား ဗီနိုင်း ထုတ် ကပ်ထားခြင်း၊ အရေးကြီးစည်းကမ်းချက်များအား သီးခြားစာရွက်ဖြင့် ကပ်ထားခြင်း၊ စာအုပ် များကို ပြန်လည်စစ်ဆေး၍ အမှတ်စဉ်များကပ်ခြင်း၊ ကိုင်တွယ်၍မရသော စာအုပ်များ ချုပ်ခြင်း၊ စာအုပ်များ သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာကြည့်တိုက်မှူးရုံးထိုင်စားပွဲ ထားရှိခြင်း၊ စာအုပ် ငှားရမ်းခြင်း မှတ်ပုံတင်စာရင်းထားရှိခြင်း၊ စာကြည့်တိုက် မှတ်ပုံတင်စာရင်း အသစ် ပြန်လည် ဖွင့်လှစ်ထားရှိခြင်း၊ စာကြည့်တိုက်နှင့် စပ်လျဉ်း၍ လုပ်ဆောင်ချက်များအပေါ် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ပြီးစီးမှုအစီရင်ခံစာကို မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ၃၁-၈-၂၀၂၄ ရက်စွဲပါ စာအမှတ်၊ ၈/၃(၉)၁/၄(၂၂၀၇) ဖြင့် ဥပဒေရေးရာ ဝန်ကြီးဌာနသို့ တင်ပြခဲ့ ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး စာကြည့်တိုက်ကို စနစ်တကျ ဆက်လက် ထိန်းသိမ်း နိုင်ရန်၊ ဥပဒေအရာရှိများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်း လာစေရန်၊ စာကြည့်တိုက်ရှိစာအုပ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက် ထိန်းသိမ်း စောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီကို မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ၃၀-၈-၂၀၂၄ ရက်စွဲ ပါ အမိန့်အမှတ် ၉၉/၂၀၂၄ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာ ကြားချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
