ဥပဒေအသိပညာပေး ဟောပြောပွဲများကျင်းပ

မကွေး၊ ဩဂုတ် ၂၆ ရက်

၂၆-၈-၂၀၂၄ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ အ.ထ.က (၁)ကျောင်း၌ ကျင်းပပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဦးကျော်ထက်အောင် က ဆွေးနွေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)