ဥပဒေအသိပညာပေး ဟောပြောပွဲများကျင်းပ

မကွေး၊ ဩဂုတ် ၂၆ ရက်

၂၆-၈-၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အ.ထ.က (ကံမ) ကျောင်း၌ လည်းကောင်း၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် အ.ထ.က (ရေနံ့သာ) ကျောင်း၌ လည်းကောင်း ကျင်းပပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အသိပညာပေး ဟောပြောပွဲများတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ဇလတ်က ဆွေးနွေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)