ဥပဒေစကားဝိုင်းကျင်းပ

မကွေး၊ ဩဂုတ် ၂၉ ရက်

မကွေးတိုင်းဒေသကြီးဥပဒေချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဥပဒေချုပ် နှင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ၏ ဥပဒေစကားဝိုင်းကို   ၂၉-၈-၂၀၂၄ ရက်နေ့ နေ့လယ် ၁:၀၀ နာရီအချိန်တွင် ပါမောက္ခဦးလှအောင်ခန်းမတွင် ကျင်းပခဲ့ပါသည်။ ဥပဒေစကားဝိုင်းတွင် “Online မှတစ်ဆင့် ပြစ်မှု ကျူးလွန်သည့် ကိစ္စရပ်များ” ကို ဆွေးနွေးကြရာ Online စနစ်ဖြင့် ဈေးရောင်းချ သည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ခွင့်ကို ကုန်သွယ်ရေး ဦးစီးဌာနသို့ အပ်နှင်းသည့်ကိစ္စရပ်များ၊  Online မှ ဈေးရောင်းခြင်း၊  လောင်းကစားခြင်း၊ လိမ်လည် ခြင်းကိစ္စရပ်များ၊ Online မှ ရုပ်ရှင်ဇာတ်ကားပြသခြင်း၊ ဆင့်ပွားဈေးကွက် ဖြန့်ချိ ရေးလုပ်ငန်း တားမြစ်ခြင်း နှင့် စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများ ထုတ်ပြန်ခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အပ်နှင်းသည့် ကိစ္စရပ်များ၊ အရေးကြီး ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်သည့်ကိစ္စရပ်များ၊ စားသောက် ကုန်ပစ္စည်းများကို တုပရောင်း ချခြင်း၊ ဈေးကစားခြင်း ကိစ္စများကို ဥပဒေနှင့် ညီညွတ်ခြင်း မရှိပါက အရေးယူ ဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်သည့်အမိန့် ၊ ညွှန်ကြား ချက်များ ကိုးကား၍ အဆိုပါအမှုများကို တရားစွဲအဖွဲ့အစည်းများက တရားစွဲဆိုတင်ပို့လာပါက ဥပဒေရုံးများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

(သတင်းစဉ်)