မကွေး၊ စက်တင်ဘာလ ၄ ရက်

၄-၉-၂၀၂၄ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်ခန့်တွင် ချောက်မြို့၊ အ.ထ.က(၂) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၌ ကလေးအလုပ်သမားနှင့် သက်ဆိုင် သည့် ဥပဒေပြဋ္ဌာန်းချက် များနှင့်စပ်လျဉ်း၍ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဖြိုးသဉ္ဇာမင်းမှ လည်းကောင်း၊ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေနှင့်စပ်လျဉ်း၍ ဒုတိယမြို့နယ်ဥပဒေ အရာရှိ ဦးအာကာကျော် က လည်းကောင်းဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
