ဥပဒေအသိပညာပေး ဟောပြောပွဲများကျင်းပ

မကွေး၊ စက်တင်ဘာလ ၄ ရက်

၄-၉-၂၀၂၄ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်ခန့်တွင် ရေနံချောင်းမြို့၊ အ.ထ.က(၂) ကျောင်း  ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၌ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ ရာဇသတ်ကြီး၊ ကလေးအလုပ်သမား နှင့်သက်ဆိုင်သည့်ဥပဒေပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဟိန်းစိုးထွန်း က  ဆွေးနွေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)