စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ခုနှစ် ၊ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု (ဓာတ်မြေ ဩဇာနှင့် ဒီဇယ်ဆီ) ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

စစ်ကိုင်း၊ စက်တင်ဘာလ ၂၄ ရက်

၂၄-၉-၂၀၂၄ ရက်နေ့ ၊ နံနက် (၉)နာရီအချိန် ၊ မုံရွာမြို့ ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ မြတ်သလ္လာခန်းမ၌  ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ခုနှစ် ၊ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု (ဓာတ်မြေဩဇာနှင့် ဒီဇယ်ဆီ) ပေးအပ်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီး ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

သတင်းစဉ်