မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 မကွေး၊ အောက်တိုဘာလ ၈ ရက်

၈-၁၀-၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌  မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ် ဦးတင့်ဝေ၊ ဦးစီးကော်မတီ ဥက္ကဋ္ဌ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးတို့ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

(သတင်းစဉ်)