မကွေး၊ အောက်တိုဘာလ ၁၇ ရက်

၁၇-၁၀-၂၀၂၄ ရက်နေ့၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ညနေ(၆:၀၀)နာရီ အချိန်က မကွေးမြို့ မြသလွန်စေတီတော်၌ကျင်းပသည့် ဆီမီး(၉၀၀၀)၊ ပန်း(၉၀၀၀)၊ နံ့သာ(၉၀၀၀) ထွန်းညှိကပ်လှူပူဇော်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာန ချုပ်မှူးဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ် ဦးတင့်ဝေ၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်နှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ တက်ရောက်၍ မြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်း တော်တွင် ပဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပြီး ဘုရား ရင်ပြင်တော်တွင် ဆီမီးများထွန်းညှိပူဇော်ကာ ဘုရားဖူးလာပြည်သူများနှင့်အတူ လှည့်လည်ဖူး မြှော်ကြည်ညို ခဲ့ကြောင်းသတင်းရရှိပါသည်။
(သတင်းစဉ်)
