မကွေး၊ နိုဝင်ဘာလ ၇ ရက်

၇-၁၁-၂၀၂၄ရက်နေ့ နံနက်(၉း၀၀)အချိန်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီ(၈)ရပ်တို့မှ လုပ်ငန်းရှင်များအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ လုပ်ငန်းကော်မတီနာယက ဝန်ကြီးချုပ်ဦးတင့်လွင်၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ ဥပဒေရေးရာလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်မိသန္တာမြင့်နှင့် ဆပ်ကော်မတီ(၈)ရပ်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က ကလေး အလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များအကြောင်းကို လည်းကောင်း၊ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းကို လည်းကောင်း၊ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်အတွင်းရေးမှူး၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးက ကလေးအလုပ်သမားနှင့် စပ်လျဉ်း၍ သတ်မှတ်ပြဋ္ဌာန်းထားသည့် အလုပ်ချိန်၊ နားချိန်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
