(၁၄)ကြိမ်မြောက် ဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား သို့ တက်ရောက်၍ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် ပဒေသာပင်တို့အား ဆက်ကပ်လှူဒါန်း

ထားဝယ်၊ နိုဝင်ဘာလ ၉ ရက်

၉.၁၁.၂၀၂၄ ရက်နေ့ နံနက် (၀၉:၀၀) အချိန် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သော (၁၄) ကြိမ်မြောက် ဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများ၊ ထားဝယ်ခရိုင်အတွင်းရှိ ခရိုင်ဥပဒေ အရာရှိနှင့်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြပြီး သံဃာတော်များအား ကထိန်သင်္ကန်းနှင့် ပဒေသာပင် တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)