မိုင်းပန်၊ နိုဝင်ဘာလ ၂၀ ရက်

၂၀-၁၁-၂၀၂၄ ရက်နေ့ နေ့လည် ၁၄း၀၀အချိန်တွင် မိုင်းပန်မြို့၊ အခြေခံပညာအထက်တန်း ကျောင်းတွင် မိုင်းပန်မြို့နယ်ပညာရေးမှူးရုံး၊ မိုင်းပန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊မိုင်းပန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မိုင်းပန်မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မိုင်းပန်မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သော မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး/ဥပဒေအသိပညာပေးဟောပြောပွဲ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးပိုစတာပြပွဲ အခမ်းအနားတွင် မိုင်းပန်မြို့နယ်ဥပဒေရုံး၊ မြို့နယ် ဥပဒေအရာရှိ၊ ဦးဝင်းမြတ်သူမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေကို တက်ရောက်ဟောပြောခဲ့ပြီး၊ အဆိုပါသင်တန်းသို့ ဝန်ထမ်း(၁၁)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၅၀)ဦး စုစုပေါင်း(၆၁)ဦးတို့ တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
