မုံရွာ၊ နိုဝင်ဘာလ ၁၅ ရက်

၁၅-၁၁-၂၀၂၄ ရက်နေ့ ၊ နံနက်(၇)နာရီအချိန် ၊ မုံရွာမြို့ ၊ ရာပြည့်ကပ်ကျော်စေတီတော်၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဘုရား အနေကဇာတင်ခြင်းနှင့် တတိယအကြိမ် သံဃာတော်အပါး(၁၀၀၀) ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား သို့ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီးဥပဒေအရာရှိနှင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ အရာထမ်း ၊ အမှုထမ်းများ တက်ရောက်လောင်းလှူခဲ့ကြပါသည်။
(သတင်းစဉ်)
