မုံရွာ၊ နိုဝင်ဘာလ ၂၈ ရက်

၂၈-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၇)နာရီအချိန် ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်သည့် လစဉ်လောင်းလှူနေကြဖြစ်သည့် သံဃာတော် အပါး (၃၀၀) ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်မှ သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
(သတင်းစဉ်)
