ချီဖွေခရိုင်၊ ချီဖွေမြို့နယ်နှင့် ဆော်လော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ အောက်တိုဘာလ ၈ ရက်

(၈.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခမ်းမတွင် ချီဖွေခရိုင်၊ ချီဖွေမြို့နယ်နှင့် ဆော်လော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးမှ   တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)