မကွေး၊ နိုဝင်ဘာလ ၁၃ ရက်

၁၃-၁၁-၂၀၂၄ ရက်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က မကွေးမြို့၊ စုပေါင်းရုံးခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း Training of Trainer (TOT) အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက် ပိုင်းလေတပ်ကွပ်ကဲရေးဌာန ချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်ဦးတင့်ဝေ၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးဥပဒေ အရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ ဥပဒေ အရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ(၁၅၄) ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
(သတင်းစဉ်)
