မကွေး၊ နိုဝင်ဘာလ ၁၅ ရက်

၁၅-၁၁-၂၀၂၄ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က မကွေးမြို့ ဖူဆယ်အားကစားရုံ၌ ကျင်းပ သည့် Thein Hla Magway Futsal League-2024 ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ် ဦးတင့်ဝေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
