ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မင်းလှ၊ နိုဝင်ဘာလ ၂၂ ရက်

၂၂-၁၁-၂၀၂၄ ရက်နေ့က မင်းလှမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(မင်းလှ)၌  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနား သို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)