ကရင်ပြည်နယ် အစိုးရအဖွဲ့မှ အကျိုးဆောင်တောင်သူများအား ဆီထွက်နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် မြန်မာ နိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့သို့ လှူဒါန်းထားသည့် မတ်ပဲနှင့် ပဲတီစိမ်းမျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ဘားအံ၊ နိုဝင်ဘာလ ၂ ရက်

၂.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ အကျိုးဆောင်တောင်သူများအား ဆီထွက်နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့သို့ လှူဒါန်းထားသည့် မတ်ပဲနှင့် ပဲတီစိမ်းမျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ   တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)