မော်လမြိုင်၊ နိုဝင်ဘာလ ၇ ရက်

၇-၁၁-၂၀၂၄ ရက်နေ့ ၀၉:၃၀ အချိန် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြု လုပ်သော ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၃၆ နှစ်မြောက် ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချူပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်ဥပဒေချုပ်၊ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစား အရာရှိကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
