ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများက ခြုံနွယ်များ၊ မြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓမ္မဗိမာန်တော်ကြီးအတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေခြင်းအပေါ် ကြည့်ရှုအားပေး

မော်လမြိုင်၊ နိုဝင်ဘာလ ၉ ရက်

၉-၁၁-၂၀၂၄ ရက်နေ့ ၀၇:၀၀ အချိန်  မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတိ္တဓမ္မဗိမာန်တော် ကြီး၌ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများက ခြုံနွယ်များ၊ မြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓမ္မဗိမာန်တော်ကြီးအတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေခြင်းအပေါ် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်မှ ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)