အသေးစားထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေးစီမံကိန်း လုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲအခမ်းနားသို့ တက်ရောက်

မကွေး၊ ဒီဇင်ဘာလ ၃ ရက်

၃-၁၂-၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးရုံး၌ ကျင်းပသည့် အသေးစားထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေးစီမံကိန်း လုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲအခမ်းနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)