နည်းပညာရေးတက္ကသိုလ်(မကွေး) မြန်မာအင်ဂျင်နီယာ ပညာရေးနှစ်(၁၀၀)ပြည့်အထိမ်းအမှတ် နှင့် မကွေးနည်းပညာတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတု သဘင်အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဒီဇင်ဘာလ ၂၀ ရက်

၂၀-၁၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက နည်းပညာရေးတက္ကသိုလ်(မကွေး) မြန်မာအင်ဂျင်နီယာ ပညာရေးနှစ်(၁၀၀)ပြည့်အထိမ်းအမှတ် နှင့် မကွေးနည်းပညာတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတု သဘင်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ် (မကွေး) ဒုတိယပါမောက္ခချုပ် နှင့် ဆရာကြီး၊ ဆရာမကြီး၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)