မကွေး၊ ဒီဇင်ဘာလ ၂၁ ရက်

၂၁-၁၂-၂၀၂၄၊ ၂၈-၁၂-၂၀၂၄ ရက်နေ့ နံနက်များတွင် မကွေးတိုင်းဒေသကြီး ဒီဇင်ဘာ အားကစား လူထုစုပေါင်း လမ်းလျှောက်ပွဲကို ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ဆင်နွှဲခဲ့ကြပြီး မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများကလည်း လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
