မကွေး၊ ဇန်နဝါရီလ ၆ ရက်

၆-၁-၂၀၂၅ ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်က မကွေးမြို့၊ နန်းထိုက်သူဟိုတယ်ခန်းမ၌ ကျင်းပသည့် မွေးကင်းစကလေး အသက်ကယ်ပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးတက္ကသိုလ်(မကွေး)မှ ကလေးကျန်းမာရေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး။ ကလေးအထူးကုဆရာဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
