မုံရွာ၊ ဒီဇင်ဘာလ ၂၀ ရက်

၂၀-၁၂-၂၀၂၄ ရက်နေ့ ၊ နံနက်(၉)နာရီအချိန် ၊ မုံရွာမြို့ ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ၊ Incubation Center ၌ ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း (၅/၂၀၂၄-၂၀၂၅)ဆင်းပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
