ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တောင်ငူ၊ နိုဝင်ဘာလ ၂၈ ရက်

ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၂)ကို ၂၈−၁၁−၂၀၂၄ ရက်နေ့မှ ၉−၁၂−၂၀၂၄ ရက်နေ့အထိ တောင်ငူမြို့၊ အ.ထ.က(၄)၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ သက်ဆိုင်ရာခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်ဥပဒေအရာရှိများ၊ သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)