ကချင်ပြည်နယ်တရားလွှတ်တော် ခရိုင်၊ မြို့နယ်၊ တရားရုံးများ၊ မြစ်ကြီးနား ရှေ့နေများအသင်းနှင့် ပြည့်ဝချမ်းသာကျောင်း ဂေါစရဂါမ် ဒကာ၊ ဒကာမများ စုပေါင်းမဟာဘုံကထိန်သို့ တက်ရောက်

မြစ်ကြီးနား၊ နိုဝင်ဘာလ ၉ရက်

(၉.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၉၀၀) အချိန်တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ပြည့်ဝချမ်းသာကျောင်းတိုက်တွင် ကချင် ပြည်နယ်တရားလွှတ်တော် ခရိုင်၊ မြို့နယ်၊ တရားရုံးများ၊ မြစ်ကြီးနား ရှေ့နေများအသင်းနှင့် ပြည့်ဝချမ်းသာကျောင်း ဂေါစရဂါမ် ဒကာ၊ ဒကာမများ စုပေါင်းမဟာဘုံကထိန်သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင် များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးမှ  တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)