မြစ်ကြီးနား၊ နိုဝင်ဘာလ ၂၀ ရက်

(၂၀.၁၁.၂၀၂၄)ရက်နေ့ နံနက်(၀၈၃၀)အချိန်တွင် ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၊ မြစ်ကြီးနားမြို့တွင် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားအား ကချင်ပြည်နယ်အစိုးရ အဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်း တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
