(၂၇၆၄)ခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချမ်းသာအေးချမ်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ” လုမ္ဗနီဥယျာဉ်အဝင်မုခ်ဦးမှ ဇွဲကပင်တောင်ခြေလမ်း” ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဒီဇင်ဘာလ ၂၆ ရက်

၂၆.၁၂.၂၀၂၄ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင်  ဘားအံမြို့၊ တော်ပုံကျေးရွာ အုပ်စု၊ တော်ပုံ ကျေးရွာ၌ (၂၇၆၄)ခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချမ်းသာအေးချမ်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ” လုမ္ဗနီဥယျာဉ်အဝင်မုခ်ဦးမှ ဇွဲကပင်တောင်ခြေလမ်း” ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက် ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)