ထားဝယ်၊ ဇန်နဝါရီ ၂၃ ရက်

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ တိုင်းအထွေထွေမန်နေဂျာရုံး၊ တနင်္သာရီတိုင်း ဒေသကြီးတို့ ပူးပေါင်းဖွင့်လှစ်သည့် ဥပဒေအသိပညာပေးဆွေးနွေး ဟောပြောပို့ချခဲ့မှု အား ၂၃.၁.၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်တွင် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း တိုင်းအထွေထွေ မန်နေဂျာရုံး ဧည့်ခံဆောင်တွင်ကျင်းပရာ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိ ဦးအောင်သန်းစိုး (ဥ/၂၅၆၉)၊ လက်ထောက်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးပေါကြွယ်(ဥ/၂၈၄၅)နှင့် အမှတ်(၂)သတ္တုတွင်း လုပ်ငန်း၊ တိုင်းအထွေထွေမန်နေဂျာရုံးမှ အရာထမ်း၊ ဝန်ထမ်း (၂၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ ၂၀၁၉ ခုနှစ်၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ မြန်မာ့သတ္တုတွင်းဥပဒေနှင့် နည်းဥပဒေတို့ပါ ပြဋ္ဌာန်းချက်များ ရာဇသတ်ကြီးပါ ပြစ်မှုနှင့်ပြစ်ဒဏ်များ နှင့် ရာဇဝတ်တရားစီရင်ရေး ဆိုင်ရာသိကောင်း စရာ အချက်များအားတို့ကို လုပ်ငန်းအတွေ့အကြုံများဖြင့်နှိုင်းယှဉ်၍ အကျယ်တဝင့် မျှဝပို့ချပေးခဲ့ပြီး တက်ရောက်လာသူများက ဆွေးနွေးပို့ချခဲ့သည့်ဥပဒေများပါအကြောင်းအရာများ၊ ရာဇသတ်ကြီးပါ အကြောင်းအရာများလုပ်ထုံးလုပ်နည်းများကို အပြန်အလှန်မေးမြန်းဆွေးနွေးကြကာ အခမ်းအနားကို နေ့လယ်ပိုင်း (၂:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
(သတင်းစဉ်)
