အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့  တက်ရောက်

မြစ်ကြီးနား၊ ဒီဇင်ဘာလ ၂ ရက်

(၂.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်း အနားသို့  ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ပြည်နယ်ဥပဒေအရာရှိဦးကပ်တလွန်းတို့တက်ရောက်ခဲ့ ကြောင်းသတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)