အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဒီဇင်ဘာ ၃ ရက်

(၃.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံအားကစား ခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)