မြစ်ကြီးနား၊ ဒီဇင်ဘာ ၇ ရက်

(၇.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၅၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံအားကစား ကွင်းတွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမှ အရာထမ်း/အမှုထမ်း(၅)ဦး ပါဝင်လမ်းလျှောက်ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။
(သတင်းစဉ်)
