စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်ကိုယ်စားပြုအောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၂ ရက်

(၂၂.၁၂.၂၀၂၄) ရက်နေ့ ညနေ(၀၆၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ အစိုးရအဖွဲ့ရုံးရှေ့မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်သော စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်ကိုယ်စားပြုအောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းတို့ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

(သတင်းစဉ်)