ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)၏ အပတ်စဉ် (၂၆) သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ်သင်တန်း အဋ္ဌမအကြိမ်အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇန်နဝါရီလ ၉ ရက်

၉-၁-၂၀၂၅ ရက်နေ့ မွန်းလွဲ (၁:၀၀)နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)၏ အပတ်စဉ် (၂၆)သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ်သင်တန်း အဋ္ဌမအကြိမ်အောင်လက်မှတ်အပ်နှင်းပွဲ အခမ်း အနားသို့  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဦးတင့်ဝေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်း၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာသင်ကြားရေးအဖွဲ့ဝင်များ၊ သင်တန်းဆင်း မောင်မယ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)