ဥယျာဉ်မှူးကိုယ်ပိုင် အလယ် တန်းကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆုနှင်းသဘင်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဂီတ အနုပညာသင်ဆက်ပြပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇန်နဝါရီ ၁၇ ရက်

၁၇-၁-၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ဥယျာဉ်မှူးကိုယ်ပိုင် အလယ် တန်းကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆုနှင်းသဘင်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဂီတ အနုပညာသင်ဆက်ပြပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့်  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဦးတင့်ဝေ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်များမှ ဖိတ်ကြားထားသည့် တာဝန်ရှိသူများ၊ အခြေခံ ပညာနှင့် ကိုယ်ပိုင်ကျောင်းများမှ  ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)