မကွေး၊ ဇန်နဝါရီ ၂၈ ရက်

၂၈-၁-၂၀၂၅ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်က မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ အမျိုးသမီးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
