ပေပင်ကျောင်းလမ်း ၊ ဈေးလမ်း ၊ ယွန်းကျောင်းလမ်း ၊ မြိုင်ဝေဆာလမ်း နိုင်လွန်ကတ္တရာလမ်းသစ်များ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်

မုံရွာ၊ ဖေဖော်ဝါရီ ၇ ရက်

၇-၂-၂၀၂၅ ရက်နေ့၊ နံနက် (၈:၃၀)နာရီအချိန် ၊ မုံရွာမြို့ ၊ လယ်တီရပ်ကွက်၌ ကျင်းပပြုလုပ်သည့် ပေပင်ကျောင်းလမ်း ၊ ဈေးလမ်း ၊ ယွန်းကျောင်းလမ်း ၊ မြိုင်ဝေဆာလမ်း နိုင်လွန်ကတ္တရာလမ်းသစ်များ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် ၊ တိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)