မကွေး၊ ဖေဖော်ဝါရီ ၈ ရက်

၈-၂-၂၀၂၅ ရက်နေ့ မွန်းလွဲ (၃:၀၀)နာရီအချိန်က မကွေးမြို့၊ မြသလွန်ဘုရားပွဲတော် ကွင်းပြင် ၌ အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး တရား၊ ဥပဒေ၊ တိုင်းရင်းသားအသင်းက ဒုတိယဆု ရရှိကာ မီးပုံးပျံများ လွှတ်တင်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
