မင်းဘူးခရိုင်မီးသတ်ဦးစီးဌာန၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မင်းဘူး၊ ဖေဖော်ဝါရီ ၂၈ ရက်

၂၈-၂-၂၀၂၅ ရက်နေ့  နေ့လယ်(၂:၀၀)နာရီအချိန်က မင်းဘူးခရိုင်မီးသတ်ဦးစီးဌာန၌ ခရိုင် အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  မီးသတ်ဦးစီးဌာနမှ သင်တန်းသား တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)