မကွေးမြို့၊ မြသလွန်စေတီတော်တွင် ကျင်းပသည့် သမိုင်းဝင် မြသလွန်စေတီတော်အာရုံခံ တန်ဆောင်းအသစ်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မကွေး၊ မတ်လ ၃ ရက်

၃-၃-၂၀၂၅ ရက်နေ့ နံနက်ပိုင်း(၆:၃၀)အချိန်က  မကွေးမြို့၊ မြသလွန်စေတီတော်တွင် ကျင်းပသည့် သမိုင်းဝင် မြသလွန်စေတီတော်အာရုံခံ တန်ဆောင်းအသစ်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)