မကွေးမြို့နယ်၊ စုပေါင်းရုံးခန်းမတွင် မကွေး တိုင်း‌ဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ ခွဲ၏ ဥပဒေအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ပြီး အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများအကြောင်းကို အသိပညာပေး ဟောပြော

မကွေး၊ မတ်လ ၇ ရက်

၇-၃-၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မကွေးမြို့နယ်၊ စုပေါင်းရုံးခန်းမတွင် မကွေး တိုင်း‌ဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ ခွဲ၏ ဥပဒေအသိပညာပေးဟောပြောပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အဖွဲ့ခွဲအဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ အဖွဲ့ခွဲအဖွဲ့ဝင်များ၊ အတွင်းရေးမှူး တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်နှင့် မကွေးမြို့နယ် အတွင်းရှိ ပြည်သူ(၁၅၆)ဦး တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် ဥပဒေချုပ်တို့က အမှာစကားများ ပြောကြားကာ အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)