(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဇန်နဝါရီ ၄ ရက်

(၄.၁.၂၀၂၅)ရက်နေ့ နံနက်(၀၇း၀၀)အချိန်တွင်  မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိဦးကပ်တလွန်းတို့မှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)