မြစ်ကြီးနား၊ ဇန်နဝါရီ ၉ ရက်

(၉.၁.၂၀၂၅)ရက်နေ့ နံနက်(၀၇း၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ပြုလုပ်ထားသည့် ဧရာဝတီရှုခင်းသာ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးဒေါ်မြနုဇံတို့နှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရ အဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းတို့မှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
