မြစ်ကြီးနား၊ ဇန်နဝါရီ ၁၀ ရက်

(၁၀.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၀၈း၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ရှေ့မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးဒေါ်မြနုဇံတို့နှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ ပြည်နယ် ဥပဒေအရာရှိဦးကပ်တလွန်းတို့မှ တက်ရောက်ခဲ့ပြီး နေ့လယ်(၀၁း၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့မြက်ခင်းပြင်တွင် ကျင်းပြသည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ် နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယဝန်ကြီး ဒေါ်မြနုဇံတို့နှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးမှ တက်ရောက်ခဲ့ကြောင်း၊ ထို့နောက် နေ့လယ်(၀၁း၃၀)အချိန်ခန့်တွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ကချင် ပြည်နယ် ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးဒေါ်မြနုဇံတို့နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး မှတက်ရောက်ခဲ့ကြောင်း၊ နေ့လယ်(၀၁း၄၅) အချိန်တွင် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံအားကစား ခန်းမတွင်(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူး ဆောင်ဆုပစ္စည်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးဒေါ်မြနုဇံတို့နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းတို့မှ တက်ရောက်ခဲ့ပြီး ဒုတိယပြည်နယ်ဥပဒေအရာရှိ ဒေါ်နှင်းလွင်၊ လက်ထောက် ပြည်နယ်ဥပဒေအရာရှိ ဦးအောင်ပြေစံ၊ မြစ်ကြီးနားမြို့နယ်ဥပဒေအရာရှိ ဦးအာကာသိန်းဝင်း၊ စီမံရေးရာဌာနရုံးအုပ်ဦးဂျေဒါဝူ၊ ငွေစာရင်းဌာနရုံးအုပ်ဒေါ်ရဲဆာမီးနှင့် ဌာနခွဲစာရေး ဒေါ်လာကျော်ညို တို့မှ လူမှုရေးဆိုင်ရာ ထူးချွန်ဆုအား အသီးသီးရရှိခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
