မြစ်ကြီးနား၊ ဇန်နဝါရီ ၁၈ ရက်

(၁၈.၁.၂၀၂၅)ရက်နေ့ နံနက်(၁၁း၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကွန်ပျူတာတက္ကသိုလ် တွင် ကွန်ပျူတာတက္ကသိုလ် ပညာရေးမိသားစု၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးမှ တက်ရောက်ခဲ့ပြီး နေ့လယ်(၁၄း၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (စတုတ္ထ)အကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
