မြစ်ကြီးနား၊ ဇန်နဝါရီ ၂၈ ရက်

(၂၈.၁.၂၀၂၅) ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မိုးကုတ်ဓမ္မရိပ်သာ ကျောင်းတိုက်တွင် ပြုလုပ်သည့် ရတနာစိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိဦးကပ်တလွန်း၊ ဒုတိယပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းမိသားစုများမှ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ ပါသည်။
(သတင်းစဉ်)
