ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား သင်္ကြန်ထောက်ပံ့ကြေးများ ထောက်ပံ့ ပေးအပ်

နေပြည်တော်၊ ဧပြီ ၇

မြန်မာသက္ကရာဇ် (၁၃၈၆-၁၃၈၇) ခုနှစ်တွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား မဟာသင်္ကြန်ကာလ အလှူဒါနကုသိုလ်ပွားများနိုင်ရန်နှင့် မိသားစုများအေးချမ်းစွာ နေထိုင်နိုင်ရန် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်း ၅၆၅ ဦးတို့အတွက် တစ်ဦးလျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်သည့် အခမ်းအနားအား ယနေ့နံနက်ပိုင်းက ယာယီရုံးဖွင့်လှစ်ဆောင်ရွက်နေသည့်နေရာတွင် ကျင်းပပြုလုပ်ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံး၊ ဦးစီးဌာန-၁ နှင့် ၂ တို့မှ ညွှန်ကြားရေးမှူးချုပ်များအားလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက ဦးစီးဌာန-၃ နှင့် ၄ တို့မှ ညွှန်ကြားရေးမှူးချုပ်များအားလည်းကောင်း ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဝန်ထမ်းမိသားစုများအတွက် ဆန် ၆ ပြည်အိတ်များ၊ ငါးခြောက်နှင့် အခြားလိုအပ်သော ဆေးဝါးများကိုလည်း ထောက်ပံ့ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဝန်ထမ်းမိသားစုများအနေဖြင့် စည်းစည်းလုံးလုံးဖြင့် လုပ်ငန်းများအား ဝိုင်းဝန်းကူညီရိုင်းပင်း လုပ်ဆောင်ပေးကြရန်၊ ငလျင်ဘေးဒဏ်ကြောင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် စောင့်ရှောက်ထောက်ပံ့ပေးလျက်ရှိကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ ယာယီစခန်းတွင်းသို့ မိုးမကျမီ ဝန်ထမ်းများရောက်ရှိ နေထိုင်ရေး၊ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရေးဆိုင်ရာများကိုလည်း ပြောကြားပြီး ယာယီစခန်းအား လှည့်လည်ကြည့်ရှုကြောင်း သတင်းရရှိပါသည်။

                    (သတင်းစဉ်)